ရှိမိဇုဆေးရုံအဖွဲ့ရဲ့ နိုင်ငံတကာအလုပ်ခန့်အပ်မှု
ရှိမိဇုဆေးရုံအဖွဲ့က ၂၀၁၇ ခုနှစ် ၁၁ လပိုင်းကနေနိုင်ငံတကာအလုပ်ခန့်အပ်ခြင်းလှုပ်ရှားမှုကို စတင်ခဲ့ပါတယ်။
အလုပ်ခန့်အပ်ခြင်းအကျိုးအမြတ်
အမိနိုင်ငံ
-
မြန်မာ
-
ဖိလစ်ပိုင်
- နိုင်ငံနှစ်နိုင်ငံ
လက်ရှိလူအရေအတွက်
-
မြန်မာ
-
ဖိလစ်ပိုင်
- ၂ ယောက်
- ၉ ယောက်
ရှိမိဇုဆေးရုံအဖွဲ့ရဲ့ သက်ကြီးရွယ်စောင့်ရှောက်ရေးမှာ အလုပ်လုပ်ခြင်း၏ကောင်းကျိုး
-
နှစ်စဥ်ပျမ်းမျှဝင်ငွေ၄.၃.၂၀၂၁ လက်ရှိနှုန်းထား
- US ဒေါ်လာ
- ၂၀,၈၅၅.၉ ဒေါ်လာ
- မြန်မာ (ကျပ်)
- ၂၉,၀၀၀,၅၀၀ MMK
- ဖိလစ်ပိုင် (ပီဆို)
- ၁,၀၁၁,၄၁၀ PHP
-
ဂျပန်စာသင်ယူလေ့လာခြင်းထောက်ပံ့မှု
အလုပ်ဝင်ပြီးချိန်မှာလည်း ဂျပန်စာသင်ယူလေ့လာချိန်ကို ပုံမှန်သတ်မှတ်ထားပါတယ်။
ဖတ်စာအုပ်ဝေပေးခြင်းနဲ့ ဂျပန်သာလေ့လာပွဲစတာတွေကိုကျင်းပြပြီး ဂျပန်စာတိုးတက်လာစေရန် တာဝန်ကျဝန်ထမ်းက လမ်းညွှန်မှုများနဲ့ ထောက်ပံ့မှုများကိုလုပ်ဆောင်နေပါတယ်။သက်ကြီးရွယ်အိုစောင့်ရှောက်ရေးနည်းပညာတိုးတက်ရန်ထောက်ပံ့မှု
နိုင်ငံခြားသားနည်းပညာပိုင်းဆိုင်ရာအလုပ်သင်ကို ဦးတည်သော ဂျပန်သက်ကြီးရွယ်အိုစောင့်ရှောက်ရေးနဲ့ပတ်သတ်တဲ့ အသိပညာနဲ့ နည်းပညာနဲ့ဆိုင်တဲ့ ပို့ချမှုကိုလုပ်ဆောင်နေပါတယ်။ နောက်ထပ်၊ အလုပ်သင်တွေမှာ တာဝန်ကျခေါင်းဆောင်ရှိနေမှာကြောင့် နားမလည်တာတွေရှိရင်တောင် လွယ်လွယ်ကူကူဆွေးနွေးလို့ရတဲ့ ပတ်ဝန်းကျင်မျိုးကိုတည်ဆောက်ခြင်းမှာအားစိုက်ထားပါတယ်။ ဒီလိုမျိုးထောက်ပံ့မှုတွေကိုအသုံးပြုရင်း သေချာပေါက် ဒီအဖွဲ့မှာ “သက်ကြီးရွယ်အိုစောင့်ရှောက်သူလူမှုဝန်ထမ်း” လိုင်စင်ရယူဖို့ ရည်မှန်းကြပါ။ လိုင်စင်ရရင် ဝင်ငွေလည်းတိုးလာပါမယ်။
-
မတော်တဆအတွက်တုံ့ပြန်မှု
လိုရမယ်ရ အလုပ်ခွင်အတွင်းမှာ မတော်တဆဒဏ်ရာရခဲ့လည်း သင့်လျော်တဲ့ကုသမှုကိုခံယူနိုင်ပြီး ကုန်ကျစရိတ်ကို ဒီအဖွဲ့ကတာဝန်ယူပါမယ်။ နောက်ပြီး အလုပ်သင်ကာလအတွင်းအတွက် အာမခံလည်းဝင်ထားတဲ့အတွက် အလုပ်ခွင်ပြင်ပဒဏ်ရာနဲ့ ရုတ်တရက်နေမကောင်းဖြစ်တဲ့အချိန်စတာတွေမှာလည်း အာမခံလုပ်ငန်းက ဆေးဖိုးကုန်ကျစရိတ်ကိုပေးချေပေးမှာဖြစ်တဲ့အတွက် စိတ်အေးရပါတယ်။
နေအိမ်
နေထိုင်ရာနေရာနဲ့ လူနေမှုအတွက် အနိမ့်ဆုံးလိုအပ်တဲ့ အိမ်သုံးလျှပ်စစ်ပစ္စည်းတွေနဲ့ ပရိဘောဂစတာတွေကို လက်ခံမဲ့အဆောက်အဦးမှာ ပြင်ဆင်ထားပါမယ်။ အိမ်လခကလည်း အဆင်အပြေဆုံးနှုန်းထားကိုသတ်မှတ်ထားတဲ့အတွက် ဝန်ထုတ်ဝန်ပိုးနည်းနည်းနဲ့ ဂျပန်မှာနေထိုင်မှုကို စတင်နိုင်ပါတယ်။
ဝိုင်ဖိုင်ပြင်ဆင်မှု
ဝင်ရောက်နေထိုင်မဲ့နေရာမှာ ဝိုင်ဖိုင်တပ်ထားပြီးဖြစ်ပါတယ်။ လစဥ်အသုံးပြုစရိတ်စတာတွေက အခမဲ့ဖြစ်တဲ့အတွက် အမိနိုင်ငံမှာရှိတဲ့မိသားစုတွေကို ကိုယ့်မှာရှိတဲ့ဖုန်း(စမတ်ဖုန်း)ကိုသုံးပြီး အချိန်မရွေးဆက်သွယ်နိုင်ပါတယ်။
ရှိမိဇုဆေးရုံအဖွဲ့ရဲ့ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးအဆောက်အဦး
အလုပ်ခွင်ပတ်ဝန်းကျင်၊ အဖွဲ့ဝင်
ရှိမိဇုဖုနိုင်းနော့စတို
-
ကာစတန်မာတွေနဲ့ မိသားစုဝင်တွေလိုနီးကပ်တဲ့ သက်ကြီးရွယ်အိုစောင့်ရှောက်မှု
သဘာဝတွေပေါကြွယ်ဝတဲ့ နန်းတန်မြို့မှာရှိတဲ့ အိမ်ထောင်စုနဲ့ နယ်မြေတွေနဲ့ဆက်စပ်မှုကို တန်ဖိုးထားတဲ့ သက်ကြီးရွယ်ကျန်းမာရေးစောင့်ရှောက်မှုအဆောက်အဦးဖြစ်ပါတယ်။
ဝင်ရောက်ခြင်းခွင့်နဲ့ ခေတ္တတည်းခိုမှု၊ နေ့ဘက်စောင့်ရှောက်မှုနဲ့ အိမ်တိုင်ရာရောက်ပြန်လည်ထူထောင်ရေးဝန်ဆောင်မှု၊ အိမ်တိုင်ရာရောက်စောင့်ရှောက်ထောက်ပံ့မှုစသည်တို့ကို အချိန်နေရာမရွေး ကာစတန်မာနဲ့ မိသားစုဝင်တွေရဲ့ပျော်ရွှင်မှုကို ပထမအဖြစ်စဥ်းစားပေးသော သက်ကြီးရွယ်စောင့်ရှောက်ခြင်းဝန်ဆောင်မှုကိုဆောင်ရွက်နေပါတယ်။စာတိုက်အမှတ် ၆၂၉-၀၁၃၄၊ နိရှိဒ ယမဇခိ ၁၆၊ ယဂိချိုး၊ နန်းတန်းမြို့၊ ကျိုတို။ ဂျပန်
-
ဝန်ထမ်းများထံမှ စကားသံ
ဘယ်လိုကိစ္စမဆိုစိန်ခေါ်တဲ့ “လုပ်ချင်စိတ်”၊ ပတ်ဝန်းကျင်ကိုအလင်းပေးတဲ့”စွမ်းအင်”၊ စဥ်ဆက်မပြတ်သင်ယူချင်တဲ့ “ဇွဲရှိခြင်း”၊ လူတွေကိုစဥ်းစားပေးတတ်တဲ့ “စိတ်သဘောကောင်းခြင်း” တွေရှိရင်ရပါပြီ။ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးနည်းပညာအပြင် ဂျပန်စာသင်ကြားရေးကိုလည်း ထောက်ပံ့ပေးပါမယ်။ ရှိဇုမိဖုနိုင်းနော့စတိုမှာ အတူတူအလုပ်လုပ်ကြရအောင်။
ရှိမိဇုဟိမဝရိနော့စတို
-
စိတ်ချရတဲ့ ဆေးရုံတည်ဆောက်မှုပုံစံအဆောက်အဦးမှာ အိမ်ကနေအသွားအပြန်လုပ်ဖို့ ရည်မှန်းတယ်။
ရခုစိုင်ရှိမိဇုဆေးရုံမှာ တည်ဆောက်ထားတဲ့ ရှိမိဇုမဝရိနော့စတိုက ပရော်ဖက်ရှင်နယ်ဆေးပညာရှင်ကို အရေးပေါ်လိုအပ်တဲ့အချိန်မှာလည်း ချက်ချင်းအဆင်သင့်ဖြစ်နိုင်တဲ့ စိတ်ချရတဲ့ဆေးကုသမှုပုံစံကိုပေးနေပါတယ်။ နောက်ထပ်၊ အိမ်ကနေအသွားအပြန်လုပ်ခြင်းကိုရည်ရွယ်ပြီး “လူနေမှုပြန်လည်ထူထောင်မှု” ကို ထည့်သွင်းထားတဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းမျာလည်း အားစိုက်ထားတဲ့အပြင် အခြားပညာရှင်တွေကလည်း အသင်းအဖွဲ့နဲ့ထောက်ပံ့မှုများကိုလုပ်ဆောင်နေပါတယ်။
စာတိုက်အမှတ် ၆၁၀-၁၁၀၆၊ ၁၃-၃၆၂ အိုအဲ့ခုဆုခခဲ့မြို့၊ နိရှိခရောမြို့နယ်၊ ကျိုတိုမြို့။ ဂျပန်
-
ဝန်ထမ်းများထံမှ စကားသံ
“သက်ကြီးရွယ်အိုစောင့်ရှောက်မှု” နည်းပညာပိုင်းဆိုင်ရာအလုပ်သင်အနေနဲ့ အရေးကြီးတာက အသက်အရွယ်ကြီးသူတွေအပေါ်လေးစားမှု၊ တစ်ယောက်ယောက်အတွက် အသုံးဝင်ချင်တယ်ဆိုတဲ့ ကြင်နာတတ်မှု၊ အဲ့ဒါပြီးတော့ မျှော်မှန်းချက်ရှိခြင်းပဲ။ အဲ့အတွေးတွေကိုပိုက်ပြီး လာခဲ့မယ်ဆိုရင် ဂျပန်စာနဲ့ သက်ကြီးရွယ်အိုစောင့်ရှောက်မှုနည်းပညာလိုင်စင်နဲ့ပတ်သတ်ပြီး အကောင်းဆုံးထောက်ပံ့မှုကိုပေးပါမယ်။ ဖိလစ်ပိုင်နိုင်ငံက စီနီယာတွေလည်းအများကြီးရှိတာကြောင့် စိတ်ချပါ။ ဂျပန်ရဲ့ သက်ကြီးရွယ်အိုစောင့်ရှောက်မှုလုပ်ငန်းခွင်မှာအတူတူကြိုးစားကြရအောင်။
၁ ဝန်ထမ်းမိတ်ဆက်
ရှိမိဇုဆေးရုံအုပ်စုမှာ အလုပ်လုပ်နေတဲ့စီနီယာဝန်ထမ်းတွေကိုမေးကြည့်ခဲ့ပါတယ်။
-
ရှိမိဇုဖုနိုင်းနို့စတို့
အလုပ်အကိုင်နှစ် ၂၀၁၉ -
Questionမေးခွန်းသက်ကြီးရွယ်အိုစောင့်ရှောက်မှုအလုပ်ကိုရွေးခဲ့တာက ဘာကြောင့်ပါလဲ။
သက်ကြီးရွယ်အိုစောင့်ရှောက်မှုအလုပ်ကို စိတ်ဝင်စားပြီး၊ ဂျပန်လူမျိုးတွေက ဘယ်လိုနေထိုင်မှုမျိုးတွေနဲ့ အသက်ရှည်ရှည်နေကြသလဲဆိုတာကိုလည်း သင်ယူချင်ပါတယ်။ အခြားအလုပ်တွေထက် စကားများများပြောရတာကြောင့် ဂျပန်စကားလည်းပိုတိုးတက်လာမယ်လို့ထင်ပါတယ်။ ကာစတန်မာတွေနဲ့ အများကြီးဆက်ဆံပြောဆိုနိုင်မယ်လို့တွေးမိလို့ သက်ကြီးရွယ်အိုစောင့်ရှောက်မှုရွေးခဲ့တာပါ။
-
Questionမေးခွန်းဂျပန်မှာအလုပ်လုပ်နေရလို့ ဝမ်းသာရတဲ့အရာ၊ အဆင်ပြေတဲ့အရာတွေရှိလား။
ကာစတန်မာတွေရဲ့ အရင်တုန်းကအကြောင်းတွေ နားထောင်ရတာမျိုး၊ ဂိမ်းဆော့ရတာမျိုး၊ သီချင်းဆိုရင်းလမ်းလျှောက်ရင်း ပြုံးပျော်နေတဲ့မျက်နှာတွေကို အများကြီး မြင်တွေ့ရတာကို ဝမ်းသာတယ်။ စိတ်ပူပင်နေရတာမျိုးရှိရင်လည်း အလုပ်ထဲကအထက်လူကြီးက ဘယ်အချိန်မဆိုကူညီပေးတာကြောင့် စိတ်အေးရတယ်။
-
Questionမေးခွန်းပိတ်ရက်တွေမှာဘာလုပ်လဲ။
စက်ဘီးစီးပြီး အနီးနားကစူပါမားကတ်ကိုဈေးဝယ်သွားတာမျိုး၊ အဆောင်မှာ ဟင်းချက်တာ သန့်ရှင်းရေးလုပ်တာမျိုးလုပ်ပါတယ်။ အဲ့ဒါအပြင် ဂျပန်စာလေ့လာတာလည်းလုပ်ပါတယ်။
နေ့စဉ်အချိန်ဇယား(နေ့ဆိုင်း)
-
8:30 လုပ်ငန်းစတင်ခြင်း
တာဝန်လွှဲပြောင်းခြင်း၊ အိပ်ယာထမှုကူညီလုပ်ဆောင်ပေးခြင်း
-
8:30~10:30 သက်ကြီးရွယ်အိုစောင့်ရှောက်မှုလုပ်ငန်း
ဒိုက်ပါလဲလှယ်ခြင်း၊ ရေဓာတ်ဖြည့်ခြင်း
-
10:30~10:45 နားချိန်
မိမိကိုယ်ကိုယ်ရေဓာတ်ဖြည့်ရန်အတွက် ခဏနားချိန်ပါ။
-
10:45~12:00 သက်ကြီးရွယ်အိုစောင့်ရှောက်မှုလုပ်ငန်း
ထမင်းစားမှုကူညီလုပ်ဆောင်ပေးခြင်း
-
12:00~12:45 နေ့လည်နားချိန်
ထမင်းစားပြီး၊ အခြားဝန်ထမ်းတွေနဲ့စကားပြောရင်း နားချိန်ယူပါမယ်။
-
12:45~16:45 သက်ကြီးရွယ်အိုစောင့်ရှောက်မှုလုပ်ငန်း
အပန်းဖြေခြင်း၊ မုန့်စားခြင်းကူညီလုပ်ဆောင်ပေးခြင်း
-
16:45 တာဝန်ပြီးခြင်း
အိမ်ပြန်ရောက်ရင် လေ့ကျင့်ရေးနေ့စဉ်မှတ်တမ်းကိုရေးပြီး ကြိုက်တာလုပ်ဆောင်လို့ရပါတယ်။
၁ ပတ်စာအချိန်ဇယား
-
တနင်္လာနေ့
ထမင်းစားမှုကူညီလုပ်ဆောင်ပေးခြင်းနဲ့ ခံတွင်းစောင့်ရှောက်မှုကို လုပ်ဆောင်ခဲ့ပါတယ်။
-
အင်္ဂါနေ့
ရေချိုးရမဲ့နေ့ပါ။ ရေချိုးပေးခဲ့ပါတယ်။
-
ဗုဒ္ဓဟူးနေ့
၁ ပတ်လုံးဖြစ်ခဲ့တဲ့အမှားတွေနဲ့ပတ်သက်ပြီး နောက်တစ်ကြိမ်ထပ်မဖြစ်အောင် ဝန်ထမ်းတွေနဲ့ဆွေးနွေးခဲ့ပါတယ်။
-
ကြာသပတေးနေ့အားလပ်ရက်
ပိတ်ရက်ဖြစ်တဲ့အတွက် စျေးသွားတာမျိုး စာလေ့လာတာမျိုးလုပ်ခဲ့ပါတယ်။
-
သောကြာနေ့
ရေချိုးရမဲ့နေပါ။ ရေမချိုးခင် ခန္ဓာကိုယ်အပူချိန်ကိုတိုင်းခဲ့ပါတယ်။ စက်နဲ့ရေချိုးပေးခြင်းကို လုပ်ခဲ့ပါတယ်။
-
စနေနေ့
ဒိုက်ပါလဲလှယ်ခြင်းနဲ့ မနက်အိပ်ရာနှိုးခြင်း၊ အိပ်ရာမှထခြင်းအကူအညီများကိုလုပ်ဆောင်ပေးခဲ့ပါတယ်။
-
တနင်္ဂနွေနေ့အားလပ်ရက်
ပိတ်ရက်ဖြစ်တဲ့အတွက် သန့်ရှင်းရေးလုပ်ပြီး စာလေ့လာခဲ့ပါတယ်။
စီနီယာထံမှ စကားသံ
၂ ဝန်ထမ်းမိတ်ဆက်
-
ရှိမိဇုမဝရိနော့စတို
အလုပ်အကိုင်နှစ် ၂၀၁၉ -
Questionမေးခွန်းဂျပန်မှာအလုပ်လုပ်ချင်တယ်လို့ တွေးမိတဲ့အကြောင်းအရင်းကဘာလဲ။
အရင်ထဲက နိုင်ငံခြားမှာအလုပ်လုပ်တာကို စိတ်ဝင်စားခဲ့တာပါ။ ဂျပန်အစိုးရက နိုင်ငံခြားကနေ နည်းပညာပိုင်းဆိုင်ရာအလုပ်သင်ရဲ့ အလုပ်သင်ဘာသာရပ်မှာ သက်ကြီးရွယ်အိုစောင့်ရှောက်မှုကိုထည့်ထားတယ်လို့ကြားပြီးထဲက အင်တာနက်မှာ “ဂျပန်က လုံခြုံပြီး အဆင်ပြေလွယ်ကူကြောင်း၊ လှပတဲ့နိုင်ငံဖြစ်ကြောင်း” အတည်ပြုသိရပြီး ဂျပန်စာကျောင်းကိုတက်ရောက်ဖို့ဆုံးဖြတ်ခဲ့တာပါ။
-
Questionမေးခွန်းအတူတူအလုပ်လုပ်နေတဲ့ ဂျပန်လူမျိုးဝန်ထမ်းတွေကရော ဘယ်လိုလဲ။
အလုပ်ဝင်တုန်းကရော အခုရော ဘယ်အချိန်မဆို အလုပ်ခွင်ထောက်ပံ့မှုတွေရရှိပါတယ်။ အမှားလုပ်ခဲ့ရင်လည်း စိတ်ရှည်ရှည်နဲ့ ကြင်ကြင်နာနာသင်ပြပေးကြပါတယ်။ အလုပ်ချိန်ပေါ်မှာတင်မဟုတ်ဘဲ ကိုယ်ပိုင်အချိန်တွေမှာလည်း မိသားစုတွေလိုသဘောကောင်းကြတဲ့ သူငယ်ချင်းတွေရထားပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေရဲ့ ကြင်နာမှုတွေကို အမြဲတမ်းကျေးဇူးတင်နေပါတယ်။
-
Questionမေးခွန်းရည်မှန်းချက်နဲ့ အနာဂတ်အိပ်မက်ကိုပြောပြပေးပါ။
ရည်ရွယ်ချက်ကတော့ ဂျပန်စာအဆင့်ကိုမြှင့်ပြီး “သက်ကြီးရွယ်အိုစောင့်ရှောက်ရေးလူမှုဝန်ထမ်း” လိုင်စင်ရဖို့ဖြစ်ပါတယ်။ အနာဂတ်အိပ်မက်က ဂျပန်မှာနေပြီး ဂျပန်နိုင်ငံသားခံယူဖို့ဖြစ်ပါတယ်။ အဲ့ဒါကမဖြစ်နိုင်ဘူးဆိုရင် အမိနိုင်ငံကိုပြန်သွားပြီးနောက်မှာ ဂျပန်စာသင်တန်းကျောင်းရဲ့ သက်ကြီးရွယ်အိုစောင့်ရှောက်မှုဆရာအနေနဲ့ ဂျပန်မှာသင်ယူခဲ့တာတွေကို ပြန်သင်ကြားပေးပါမယ်။
နေ့စဉ်အချိန်ဇယား(စောစောဝင်သောအလုပ်)
-
7:30~8:20 လုပ်ငန်းစတင်ခြင်း
ကာစတန်မာတွေရဲ့အခန်းသန့်ရှင်းရေး၊ သပ်သပ်ရပ်ရပ်ထားခြင်း၊ မနက်စာနဲ့ဆေးကိုဝေပါမယ်။ နောက်ပြီး ပန်းကန်ဆေးကြောသိမ်းဆည်းခြင်းလုပ်မယ်။
-
8:20~10:00 အပေါ့အလေးကူညီလုပ်ဆောင်ပေးခြင်း
အိမ်သာလိုက်ပို့ခြင်း၊ ခေါ်ဆိုမှုဖြေဆိုခြင်း
-
10:00~12:00 အိပ်ရာခင်းလှဲခြင်းနှင့် အခန်းသန့်ရှင်းရေး၊ သပ်သပ်ရပ်ရပ်ထားခြင်း
အိပ်ရာခင်းလှဲပြီး ဗီဒိုနဲ့ကုတင်ဘောင်တွေကိုသုတ်မယ်။ နောက်ပြီး ခွက်တွေဆေးမယ်။
-
12:00~13:00 နေ့လည်နားချိန်
အဆောက်အဦးထမင်းစားခန်းမှာ နေ့လည်စာစားမယ်။
-
13:00~15:00 သက်ကြီးရွယ်အိုစောင့်ရှောက်မှုလုပ်ငန်း
ကာစတန်မာနဲ့အတူ အားကစားနှင့်အပန်းဖြေမယ်။ ကုတင်ပေါ်မှာ ဒိုက်ပါလဲမယ်။ မုန့်စားချိန်မတိုင်မီမှာ ကာစတန်မာကိုခေါ်ပြီး နေ့ပိုင်းအခန်းကိုလမ်းညွှန်ပေးမယ်။ အဲ့ဒီနောက် မုန့်အတွက်ပြင်ဆင်မယ်။
-
15:45 အလုပ်ပြီးဆုံး
အလုပ်အားလုံးပြီးသွားပါပြီ
၁ ပတ်စာအချိန်ဇယား
-
တနင်္လာနေ့အားလပ်ရက်
ပိတ်ရက်ဖြစ်တဲ့အတွက် ပန်းကန်ဆေးတာ စျေးဝယ်တာလုပ်ခဲ့ပါတယ်။
-
အင်္ဂါနေ့
အလုပ်စောစောဝင်ပါတယ်။ ကာစတန်မာရေချိုးရမယ့်ရက်ဖြစ်တဲ့အတွက် ရေချိုးပေးပါမယ်။ ရေချိုးကန်အထိ ထိန်းပို့ပေးခြင်း၊ အဝတ်အစားချွတ်ပေးခြင်း၊ အဝတ်သိမ်းပေးခြင်းစတာတွေက အဓိကကျတဲ့အလုပ်တွေဖြစ်ပါတယ်။
-
ဗုဒ္ဓဟူးနေ့
နေ့ဆိုင်း ကာစတန်မာရဲ့အခန်း မနက်ပိုင်းသန့်ရှင်းရေး၊ သပ်သပ်ရပ်ရပ်ထားခြင်းနဲ့ အပေါ့အလေးကူညီခြင်း ခေါ်ဆိုမှုဖြေကြားခြင်းလုပ်ပါမယ်။ ကာစတန်မာနဲ့ စကားအများကြီးပြောပါမယ်။
-
ကြာသပတေးနေ့
နောက်ကျမှအလုပ်ဝင်ပါမယ်။ ရေချိုးခန်း အဝတ်အစားအပြင်အဆင်၊ ဝင်ဖို့အပြင်အဆင်၊ အိပ်ယာဝင်ဖို့အပြင်အဆင်ကို ကူညီထောက်ပံ့ပါမယ်။
-
သောကြာနေ့
နေ့ဆိုင်း အပေါ့အလေးကူညီလုပ်ဆောင်ပေးခြင်း ပို့ချမှုကိုတက်ရောက်ပါမယ်။ နေ့လည်ပိုင်းကနေ ရေချိုးခန်းတွင်းကူညီလုပ်ဆောင်ပေးခြင်းကိုလုပ်ပါမယ်။
-
စနေနေ့
ညဆိုင်းဖြစ်တဲ့အတွက် ညနေပိုင်းကနေအလုပ်စဝင်ပါမယ်။ ထမင်းပြင်ဆင်ခြင်းနဲ့ ပို့ဆောင်ခြင်း၊ ဒိုက်ဘာလှဲခြင်း၊ ညဘက်လှည့်ပတ်ကြည့်ခြင်းကိုလုပ်ဆောင်ပါမယ်။
-
တနင်္ဂနွေနေ့အားလပ်ရက်
ညဆိုင်းပြီးတဲ့ရက်ပါ။ အဆောင်ကိုပြန်၊ အိပ်ပြီးအနားယူပါမယ်။