ကာစတန်မာများနှင့် မိသားစုဝင်များကဲ့သို့ အနီးကပ် သက်ကြီးရွယ်အိုစောင့်ရှောက်မှု

သဘာဝတရားကြွယ်ဝလှသော နန်းတန်းခရိုင်အတွင်းမှာရှိသည့် နေအိမ်နှင့်ရပ်ကွက်များအကြား ချိတ်ဆက်မှုကိုတန်ဖိုးထားသော သက်ကြီးရွယ်အိုကျန်းမာရေးစောင့်ရှောက်မှုဌာနဖြစ်ပါသည်။
နေထိုင်မှုနှင့် ရေတိုနေထိုင်မှု၊ နေ့ပိုင်းစောင့်ရှောက်မှုနှင့် အိမ်တိုင်ရာရောက်စောင့်ရှောက်ရေးဝန်ဆောင်မှု၊ နေအိမ်တွင်းကျန်းမာရေးစောင့်ရှောက်ထောက်ပံ့မှုစသည့် အချိန်နေရာမရွေး ကာစတန်မာများနှင့်မိသားစုများ၏ စိတ်ချမ်းသာမှုကို နံပါတ် ၁ ဦးစားပေးစဥ်းစားပေးသော ကျန်းမာရေးစောင့်ရှောက်ခြင်းဝန်ဆောင်မှုကို လုပ်ဆောင်လျှက်ရှိပါသည်။
ဒေသခံဝန်ထမ်းများစွာ၏ ကျန်းမာရေးစောင့်ရှောက်ပေးမှု၊ အရသာရှိသောအစားအသောက်များနှင့် ရာသီအလိုက်လှုပ်ရှားမှုများ၊ ထို့အပြင် လစဥ်ကျင်းပပေးလျက်ရှိသောပျော်ပွဲရွှင်ပွဲစသဖြင့် ရပ်ရွာအခြေပြု လုပ်ငန်းဖြစ်နိုင်ရန် ရည်ရွယ်ပါသည်။

ရှိမိဇုဖုနိုင်းနော့စတို ၏ထူးခြားချက်

pht_features_01@2x

စောင့်ရှောက်မှုအစီအစဥ်အပေါ်အခြေခံထားသော အခြေအနေအသီးသီးအတွက် ဆေးကုသမှု၊ ပြုစုစောင့်ရှောက်မှု၊ ပြန်လည်ထူထောင်ရေးများ ပေးစွမ်းခြင်း

pht_features_02@2x

လာရောက်နေထိုင်ခြင်း၊ ရေတိုနေထိုင်ခြင်း၊ အသွားအပြန်လုပ်ခြင်း၊ အိမ်တိုင်ရာရောက်ဝန်ဆောင်မှုအသီးသီးဖြင့် ချိတ်ဆက်ထားသောပြန်လည်ထူထောင်ရေးစနစ်

pht_features_03@2x

အုပ်စုဆေးရုံများ၊ အနီးအနားရှိဆေးကုသမှုအဖွဲ့အစည်းများနှင့်ပူးပေါင်းထားသော စိတ်ချရသည့်ကုသရေးဝန်ဆောင်မှု

一覧を見る

ရှိမိဇုဖုနိုင်းနော့စတို ကျန်းမာရေးစောင့်ရှောက်ခြင်းဝန်ဆောင်မှု

  • လာရောက်နေထိုင်ခြင်း ဝန်ဆောင်မှု
  • ရေတိုနေထိုင်ခြင်း
  • နေအိမ်တွင်းကျန်းမာရေးစောင့်ရှောက်ထောက်ပံ့မှု
  • ပြင်ပလူနာပြန်လည်ထူထောင်ရေး
  • အိမ်တိုင်ရာရောက်ပြန်လည်ထူထောင်ရေး

အဆောက်အဦးပတ်ဝန်းကျင်

တောင်တန်းပြာပြာများကြားတွင် အေးချမ်းစွာအချိန်ကုန်ဆုံးနိုင်သောအဆောက်အဦးဖြစ်ပြီး နွေးထွေးမှုရှိသောပြုစုစောင့်ရှောက်ရေးဝန်ဆောင်မှုကို ပေးစွမ်းလျက်ရှိသည်။

pht_facility_01@2x
အဆောက်အဦးပုံစံ
pht_facility_02@2x
ပထမထပ်ဧည့်ခန်း
pht_facility_03@2x
အထွေထွေဆေးကုသမှုသီးသန့်အခန်း
pht_facility_04@2x
အထွေထွေဆေးကုသမှု ၄ ယောက်ခန်း
pht_facility_06@2x
စင်္ကြံ
pht_facility_05@2x
event (ပွဲ)

ပြုစုစောင့်ရှောက်မှုစက်ကိရိယာများ

  • ဆေးကုသခန်း (တစ်ယောက်ခန်း၊ လေးယောက်ခန်း)
  • ပြန်လည်ထူထောင်ရေးအခန်း
  • ပြင်ပလူနာပြန်လည်ထူထောင်ရေးအခန်း
  • ခိုမဲဆဲခိ ‌ရေပူစမ်း (ရေချိုးခန်းအကြီး)
  • စက်ဖြင့်‌ရေချိုးခန်း၊ သူနာပြုစောင့်ရှောက်မှုဖြင့်ရေချိုးခန်း
  • အပန်းဖြေခန်း
  • ဆံသခန်း
  • နေအိမ်တွင်းကျန်းမာရေးစောင့်ရှောက်ထောက်ပံ့မှုအလုပ်နေရာ
  • ဆေးသိုလှောင်ခန်း
  • ကျန်းမာရေးစစ်ဆေးခန်း
  • မိသားစုပြုစုစောင့်ရှောက်မှုစာသင်ခန်း

လုပ်ငန်းအကျဥ်း

အမည်
ဆေးဘက်ဆိုင်ရာကုမ္ပဏီ ဆဲဂျင်းကိုင် သက်ကြီးရွယ်အိုကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ရှိမိဇုဖုနိုင်းနော့စတို
လိပ်စာ
စာတိုက်အမှတ် ၆၂၉-၀၁၃၄၊ နိရှိဒ ယမဇခိ ၁၆၊ ယဂိချိုး၊ နန်းတန်းမြို့၊ ကျိုတို။ ဂျပန်
လုပ်ငန်းတည်‌ဆောက်ခြင်း
အောက်တိုဘာ 1, 1997
အဆောက်အဦး
သံထည်ကွန်ကရစ်၊ မြေပေါ် ၃ ထပ်၊ မြေအောက် ၁ ထပ်
ဝန်ထမ်းဦးရေ
လုပ်ငန်းတွင်း ၁၅၀ ဦး (အထွေထွေဆေးကုသမှု : ၁၀၀ ဦး၊ စိတ်ပိုင်းဆိုင်ရာကုသမှု : ၅၀ ဦး) ပြင်ပလူနာပြန်လည်ထူထောင်ရေး : ၃၀ ဦး

ကျွန်တော်တို့နဲ့အတူတူ ဂျပန်မှာ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးအလုပ်ကို မလုပ်ချင်ဘူးလား။

ရှိမိဇုဖုနိုင်းနော့စတိုတွင် ဂျပန်လူမျိုးဝန်ထမ်းများအပြင် နိုင်ငံခြားသားဝန်ထမ်းများလည်း အတူတူအလုပ်လုပ်ကိုင်လျှက်ရှိသည်။
စီနီယာဝန်ထမ်းများမှ သေသေချာချာပံ့ပိုးပေးလျှက်ရှိပါသည်။